You are here

Notice

SID Smart Card ထုတ်ပေးမည့် ကြေငြာချက်

၁။ SID Smart Card ထုတ်ပေးခြင်းလုပ်ငန်းအား (၇.၈.၂၀၁၉) ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျှက်ရှိရာ စတင်လက်ခံချိန်တွင် Online Appointment အား တနေ့လျှင် (၁၀၀)ဦးလက်ခံလျှက်ရှိရာမှ ယခုအခါ သင်္ဘော သားများ၏ လိုအပ်ချက်များအရ (၁၅.၁၁.၂၀၁၉) ရက်နေ့မှစ၍ Online Appointment အား တနေ့လျှင် (၁၅၀)ဦးသို့ တိုးမြင့်လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ ယခင် Online Appointment ရယူပြီးထားသော သင်္ဘောသားများအနေဖြင့် မိမိရယူ ထားသည့် နေ့ရက်အား ပယ်ဖျက်၍  Appointment Date ပြောင်းလဲရယူလိုပါက အောက်ပါအတိုင်း ဆောင်ရွက်သွားရမည်ဖြစ်ပါသည်-(ပူးတွဲပါအတိုင်း)
(က) Application ID နှင့် CDC No. အား ရိုက်၍ Check and Continue အားနှိပ်ပါ။ 

(ခ) Bio Data Box ကျလာလျှင် Delete အားနှိပ်ပါ။

(ဂ)  Online SID Application Form ကျလာလျှင် Name, CDC No, Passport No များဖြည့်၍ Check and send Mail အားနှိပ်ပါ။

(ဃ) မေးလ်တွင် ရရှိလာသော Confirmation Code အားရိုက်ထည့်ပြီး Delete Button နှိပ်ရမည်ဖြစ်ပါသည်။ အားလုံးပြီးသွားပါက အသစ်ပြန်လည်လျှောက်ထားရမည်ဖြစ်ပါသည်။

၃။ အသစ်လျှောက်ထားသည့် သင်္ဘောသားများအနေဖြင့်လည်း ပုံမှန်လျှောက်ထားသည့်နည်းလမ်းအတိုင်း လျှောက်ထားရန်နှင့် မရှင်းလင်းသည်များရှိပါက ဖုန်းနံပါတ် ၀၉၈၉၄၁၁၄၅၅၇ သို့ ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

သင်္ဘောသားဌာနခွဲ